Internet ကို ဘယ္လို ဆက္သြယ္အသံုးျပဳသလဲ ?
အင္တာနက္ ကို ဘယ္လို ဆက္သြယ္ အသုံးျပဳ သလဲ?
အင္တာနက္ ကို ဆက္သြယ္ ရာ တြင္ အေျခခံအားျဖင့္ ႏွစ္ပိုင္း ေတြ႕ ရွိရေပမည္။
(၁) အင္တာ နက္ ကို ဆက္သြယ္ေသာ devices မ်ား။
(၂) ၎ devices မ်ား ကို အင္တာနက္ သို႔ ဆက္သြယ္ရန္ ခြင့္ျပဳေပးေသာ အင္တာနက္ ဆားဗစ္ (internet service) ဟူ ၍ ပင္ ျဖစ္သည္။
(၁) အင္တာ နက္ ကို ဆက္သြယ္ေသာ devices မ်ား။
အင္တာ နက္ ကို ဆက္သြယ္ေသာ devices မ်ား တြင္ ေအာက္ပါတို႔ ပါဝင္ေပသည္။
(က) ဒက္စေတာ့ပ္ (Desktop)
(ခ) လက္ပ္ေတာ့ပ္ (Laptop)
(ဂ) တက္ဘလက္ (Tablet)
(ဃ) စမတ္ဖုန္း (Smartphone)
(င) အျခား device မ်ား ျဖစ္ၿပီး၊ ၎ device မ်ားသည္ IP address မ်ား ရယူကာ အင္တာနက္ ကို ဆက္သြယ္ နိုင္ေပသည္၊ ဥပမာ။ ။ စမတ္နာရီ (Smartwatch) သည္ အင္တာနက္ ကို ဆက္သြယ္ နိုင္ေပသည္၊ ထိုနည္းတူစြာ ယေန႕ေခတ္ တြင္ အသုံးျပဳေနေသာ ပရင့္တာ (Printer)၊ E-readers (ဥပမာ။ ။ Kindle)၊ ႏွင့္ ေနာက္ပိုင္း တြင္ Home Appliance မ်ား ႏွင့္ ပါ၊ အင္တာနက္ ကို ဆက္သြယ္ အသုံးျပဳနိုင္ၿပီျဖစ္သည္။
ဤေနရာ တြင္ အလွ်င္းသင့္ ၍ ေဖၚျပခ်င္သည္မွာ IP address သည္ အင္တာနက္ တြင္ အသုံးျပဳေနေသာ devices မ်ား တခုႏွင့္ တခု ဆက္သြယ္ရာ တြင္ အသုံးျပဳေသာ လိပ္စာ ႏွင့္ အလား တူေပသည္၊ စာပို႔ ရာ တြင္ လိပ္စာ မသိပဲ မပိုနိုင္သကဲ့သို႔၊ အင္တာနက္ တြင္ အသုံးျပဳေနေသာ devices မ်ားသည္ IP address မရွိပါက တခု ႏွင့္ တခု မဆက္သြယ္ နိုင္ပါ၊ ထို႔ေၾကာင့္ IP address ကို ရရွိ နိုင္ေသာ devices မ်ား အားလုံးသည္၊ အင္တာနက္ ကို ဆက္သြယ္ နိုင္ေသာ devices မ်ားျဖစ္လာေပသည္။
(၂) အင္တာနက္ ဆားဗစ္ မ်ား။
အင္တာ နက္ ကို ဆက္သြယ္တဲ့ ဆားဗစ္ မ်ား တြင္ အမ်ိဳးအစား ႏွစ္ခု ကို ထပ္မံ ခြဲျခားထားပါတယ္။
(က) Fixed Internet
(ခ) Mobile Internet
(က) Fixed Internet
Fixed Internet အမ်ိဳးအစား သည္ မိမိ ေနထိုင္ရာ ေနရာ တဝိုက္ ႏွင့္ ပတ္ဝန္းက်င္ တြင္သာ အသုံးျပဳနိုင္ပါတယ္၊ ဥပမာ။ ။ အိမ္၊ ႐ုံး၊ ေက်ာင္း၊ ေဈး အစရွိသည္တို႔ပဲ ျဖစ္ပါတယ္၊ Fixed Internet အမ်ိဳးအစား တြင္ ေအာက္ပါ တို႔ပါဝင္ပါသည္။
ADSL Broadband
ADSL Broadband ဆိုတာ ကေတာ့ မိမိ ၏ တည္ေနရာ မွာ ရွိ တဲ့ တယ္လီဖုန္းလိုင္း ကေန တဆင့္ အင္တာနက္ ခ်ိတ္ဆက္ ျခင္းျဖစ္ေပသည္၊ ယခု အခါတြင္ သိပ္ေခတ္ မစား ေတာ့ေသာ္လည္း တခ်ိန္ က အေတာ္ ကို အသုံးမ်ား ခဲ့ပါတယ္၊ သူ႕ရဲ႕ အားသာ ခ်က္ကေတာ့ ေဈးသက္သာ မႈ ျဖစ္ပါတယ္၊ သို႔ေသာ္လည္း သူ႕မွာ technology အရ speed limitation ရွိပါတယ္၊ ADSL 2+ ၏ download speed limit သည္ 20 Mbps ရွိၿပီး၊ upload speed limit သည္ 820 Kbps ျဖစ္တယ္ လို႔ ဆိုပါတယ္။
Cable broadband
Cable broadband ဆိုတာ ကေတာ့ TV အတြက္ လာတဲ့ ႀကိဳးလိုင္း မွ တဆင့္ အင္တာနက္ ကို ဆက္သြယ္ ျခင္းမ်ိဳးျဖစ္ပါတယ္၊ မွတ္ခ်က္။ ။ တခ်ိဳ႕ေသာ နိုင္ငံ မ်ားတြင္ TV Channel Service မ်ား ကို ႀကိဳးလိုင္းမ်ား မွ တဆင့္ ရယူ ျခင္းမ်ိဳး ရွိပါတယ္။
Fiber broadband
Fiber broadband ဆိုတာ ကေတာ့ မိမိ တည္ေနရာ သို႔ Fiber Cable ႀကိဳးကို သြယ္တန္းကာ၊ ၎မွ တဆင့္ အင္တာနက္ ကို ဆက္သြယ္ အသုံးျပဳျခင္းမ်ိဳးျဖစ္ေပသည္၊ Fiber broadband ၏ speed သည္ အထက္တြင္ ေဖၚျပပါ broadband ႏွစ္မ်ိဳး စလုံးထက္ ေဈးပို ႀကီးေသာ္လည္း၊ ပိုမို ျမန္ဆန္ မႈ ရွိေလသည္၊ ထို႔ေၾကာင့္ ၎ကို network devices မ်ား စြာ ခ်ိတ္ဆက္ရန္ လိုအပ္ေသာ network ႀကီးမ်ား အတြက္၊ အေလးထား အသုံးျပဳၾကေသာ္လည္း၊ ေနအိမ္ မ်ား အတြက္ လည္း အသုံးျပဳနိုင္ေလသည္။
(ခ) Mobile Internet
Mobile Internet ဆိုတာက ေတာ့ မိမိ ဘယ္သြားသြား မိမိ အသုံးျပဳေနေသာ devices မ်ားကို အသုံးျပဳကာ အင္တာနက္ အသုံးျပဳ နိုင္ျခင္း ကို ဆိုလိုေပသည္။
စမတ္ဖုန္း၊ တက္ဘလက္ ႏွင့္ လက္ပ္ေတာ့ပ္ တို႔သည္ အလြယ္ တကူ သယ္ေဆာင္သြား နိုင္ေသာ device မ်ား ျဖစ္ၾကၿပီး၊ ၎ devices မ်ား ကို မိုဘိုင္းဖုန္း ေအာ္ပေရတာ မ်ား မွ တဆင့္ အင္တာနက္ အသုံးျပဳၾကျခင္း မ်ိဳးပင္ ျဖစ္သည္။
ဥပမာ။ ။ မိုဘိုင္းဖုန္း မွ တဆင့္ အင္တာနက္ ကို အသုံးျပဳျခင္း၊ SIM card ထည့္သြင္း အသုံးျပဳ နိုင္ေသာ router device မ်ားမွ တဆင့္ အင္တာနက္ ဆက္သြယ္ကာ အသုံးျပဳျခင္းမ်ိဳးပင္ျဖစ္သည္။
အကယ္၍ မိမိ ၏ ေနအိမ္တြင္ router (AP) မွ တဆင့္ Wi-Fi လႊင့္ကာ အသုံးျပဳေနကာမူ၊ ထို router (AP) ကို မိမိ သြား ေလရာ သယ္ေဆာင္သြား နိုင္ပါက၊ (Mobile Internet) အမ်ိဳးအစား တြင္ ပါဝင္ေပသည္။
ယခု အခါ မိုဘိုင္း ေအာ္ပေရတာ မ်ား မွ တဆင့္၊ အင္တာနက္ ကို ဆက္သြယ္ အသုံးျပဳ မႈ ပိုမို မ်ားျပား ကာ၊ 3G/4G speed မ်ားကို ရရွိနိုင္ေပသည္။
#internet #mobileinternet #fixedinternet
#it #itworld #informationtechnologyworld
[Unicode]
အင်တာနက် ကို ဘယ်လို ဆက်သွယ် အသုံးပြု သလဲ?
အင်တာနက် ကို ဆက်သွယ် ရာ တွင် အခြေခံအားဖြင့် နှစ်ပိုင်း တွေ့ ရှိရပေမည်။
(၁) အင်တာ နက် ကို ဆက်သွယ်သော devices များ။
(၂) ၎င်း devices များ ကို အင်တာနက် သို့ ဆက်သွယ်ရန် ခွင့်ပြုပေးသော အင်တာနက် ဆားဗစ် (internet service) ဟူ ၍ ပင် ဖြစ်သည်။
(၁) အင်တာ နက် ကို ဆက်သွယ်သော devices များ။
အင်တာ နက် ကို ဆက်သွယ်သော devices များ တွင် အောက်ပါတို့ ပါဝင်ပေသည်။
(က) ဒက်စတော့ပ် (Desktop)
(ခ) လက်ပ်တော့ပ် (Laptop)
(ဂ) တက်ဘလက် (Tablet)
(ဃ) စမတ်ဖုန်း (Smartphone)
(င) အခြား device များ ဖြစ်ပြီး၊ ၎င်း device များသည် IP address များ ရယူကာ အင်တာနက် ကို ဆက်သွယ် နိုင်ပေသည်၊ ဥပမာ။ ။ စမတ်နာရီ (Smartwatch) သည် အင်တာနက် ကို ဆက်သွယ် နိုင်ပေသည်၊ ထိုနည်းတူစွာ ယနေ့ခေတ် တွင် အသုံးပြုနေသော ပရင့်တာ (Printer)၊ E-readers (ဥပမာ။ ။ Kindle)၊ နှင့် နောက်ပိုင်း တွင် Home Appliance များ နှင့် ပါ၊ အင်တာနက် ကို ဆက်သွယ် အသုံးပြုနိုင်ပြီဖြစ်သည်။
ဤနေရာ တွင် အလျှင်းသင့် ၍ ဖေါ်ပြချင်သည်မှာ IP address သည် အင်တာနက် တွင် အသုံးပြုနေသော devices များ တခုနှင့် တခု ဆက်သွယ်ရာ တွင် အသုံးပြုသော လိပ်စာ နှင့် အလား တူပေသည်၊ စာပို့ ရာ တွင် လိပ်စာ မသိပဲ မပိုနိုင်သကဲ့သို့၊ အင်တာနက် တွင် အသုံးပြုနေသော devices များသည် IP address မရှိပါက တခု နှင့် တခု မဆက်သွယ် နိုင်ပါ၊ ထို့ကြောင့် IP address ကို ရရှိ နိုင်သော devices များ အားလုံးသည်၊ အင်တာနက် ကို ဆက်သွယ် နိုင်သော devices များဖြစ်လာပေသည်။
(၂) အင်တာနက် ဆားဗစ် များ။
အင်တာ နက် ကို ဆက်သွယ်တဲ့ ဆားဗစ် များ တွင် အမျိုးအစား နှစ်ခု ကို ထပ်မံ ခွဲခြားထားပါတယ်။
(က) Fixed Internet
(ခ) Mobile Internet
(က) Fixed Internet
Fixed Internet အမျိုးအစား သည် မိမိ နေထိုင်ရာ နေရာ တဝိုက် နှင့် ပတ်ဝန်းကျင် တွင်သာ အသုံးပြုနိုင်ပါတယ်၊ ဥပမာ။ ။ အိမ်၊ ရုံး၊ ကျောင်း၊ ဈေး အစရှိသည်တို့ပဲ ဖြစ်ပါတယ်၊ Fixed Internet အမျိုးအစား တွင် အောက်ပါ တို့ပါဝင်ပါသည်။
ADSL Broadband
ADSL Broadband ဆိုတာ ကတော့ မိမိ ၏ တည်နေရာ မှာ ရှိ တဲ့ တယ်လီဖုန်းလိုင်း ကနေ တဆင့် အင်တာနက် ချိတ်ဆက် ခြင်းဖြစ်ပေသည်၊ ယခု အခါတွင် သိပ်ခေတ် မစား တော့သော်လည်း တချိန် က အတော် ကို အသုံးများ ခဲ့ပါတယ်၊ သူ့ရဲ့ အားသာ ချက်ကတော့ ဈေးသက်သာ မှု ဖြစ်ပါတယ်၊ သို့သော်လည်း သူ့မှာ technology အရ speed limitation ရှိပါတယ်၊ ADSL 2+ ၏ download speed limit သည် 20 Mbps ရှိပြီး၊ upload speed limit သည် 820 Kbps ဖြစ်တယ် လို့ ဆိုပါတယ်။
Cable broadband
Cable broadband ဆိုတာ ကတော့ TV အတွက် လာတဲ့ ကြိုးလိုင်း မှ တဆင့် အင်တာနက် ကို ဆက်သွယ် ခြင်းမျိုးဖြစ်ပါတယ်၊ မှတ်ချက်။ ။ တချို့သော နိုင်ငံ များတွင် TV Channel Service များ ကို ကြိုးလိုင်းများ မှ တဆင့် ရယူ ခြင်းမျိုး ရှိပါတယ်။
Fiber broadband
Fiber broadband ဆိုတာ ကတော့ မိမိ တည်နေရာ သို့ Fiber Cable ကြိုးကို သွယ်တန်းကာ၊ ၎င်းမှ တဆင့် အင်တာနက် ကို ဆက်သွယ် အသုံးပြုခြင်းမျိုးဖြစ်ပေသည်၊ Fiber broadband ၏ speed သည် အထက်တွင် ဖေါ်ပြပါ broadband နှစ်မျိုး စလုံးထက် ဈေးပို ကြီးသော်လည်း၊ ပိုမို မြန်ဆန် မှု ရှိလေသည်၊ ထို့ကြောင့် ၎င်းကို network devices များ စွာ ချိတ်ဆက်ရန် လိုအပ်သော network ကြီးများ အတွက်၊ အလေးထား အသုံးပြုကြသော်လည်း၊ နေအိမ် များ အတွက် လည်း အသုံးပြုနိုင်လေသည်။
(ခ) Mobile Internet
Mobile Internet ဆိုတာက တော့ မိမိ ဘယ်သွားသွား မိမိ အသုံးပြုနေသော devices များကို အသုံးပြုကာ အင်တာနက် အသုံးပြု နိုင်ခြင်း ကို ဆိုလိုပေသည်။
စမတ်ဖုန်း၊ တက်ဘလက် နှင့် လက်ပ်တော့ပ် တို့သည် အလွယ် တကူ သယ်ဆောင်သွား နိုင်သော device များ ဖြစ်ကြပြီး၊ ၎င်း devices များ ကို မိုဘိုင်းဖုန်း အော်ပရေတာ များ မှ တဆင့် အင်တာနက် အသုံးပြုကြခြင်း မျိုးပင် ဖြစ်သည်။
ဥပမာ။ ။ မိုဘိုင်းဖုန်း မှ တဆင့် အင်တာနက် ကို အသုံးပြုခြင်း၊ SIM card ထည့်သွင်း အသုံးပြု နိုင်သော router device များမှ တဆင့် အင်တာနက် ဆက်သွယ်ကာ အသုံးပြုခြင်းမျိုးပင်ဖြစ်သည်။
အကယ်၍ မိမိ ၏ နေအိမ်တွင် router (AP) မှ တဆင့် Wi-Fi လွှင့်ကာ အသုံးပြုနေကာမူ၊ ထို router (AP) ကို မိမိ သွား လေရာ သယ်ဆောင်သွား နိုင်ပါက၊ (Mobile Internet) အမျိုးအစား တွင် ပါဝင်ပေသည်။
ယခု အခါ မိုဘိုင်း အော်ပရေတာ များ မှ တဆင့်၊ အင်တာနက် ကို ဆက်သွယ် အသုံးပြု မှု ပိုမို များပြား ကာ၊ 3G/4G speed များကို ရရှိနိုင်ပေသည်။
#internet #mobileinternet #fixedinternet
#it #itworld #informationtechnologyworld
thanks
ReplyDelete