ဖုန်းတစ်​လုံးကို Root ထည့်​သွင်းရခြင်းရဲ့ အ​ကြောင်းအရင်း


 ဖုန်းတစ်လုံး Root လုပ်တဲ့အကြောင်း
အသုံးပြုသူအချို့လည်း Root ဆိုတာဘာလည်း သိကြသလို
တချို့ဆို ကြားတောင်မကြားဖူးကြဘူး။

Root ဖောက်တယ် System ချိုးပစ်တယ် ။
စက်ရုံထုက်အတိုင်းလာတဲ့ဖုန်းကို မြန်မာစာမရလို့ မမှန်လို့ ပြင်ချင်တယ်
မှန်ချင်တယ်ဆိုတဲ့အခါ Root လုပ်ပစ်ရတယ်ပေါ့ ။
မူလလာတဲ့အတိုင်းဆိုရင် ဘာမှ ဝင်ထည့်လို့မရဘူး ပြင်မရဘူး
မှန်ချင်တယ်ပြင်ချင်တယ်ဆိုတော့ Root ဖောက်ပစ်ရမယ် ။
System original ကို ချိုးဖျက်ပစ်ရမယ် ။

Root မဖောက်ပဲ system မချိုးပဲ ထည့်စမ်းကြည့်ရင်တော့
တားမြစ်ပေးထားတဲ့ ဆော့ဝဲလ်က အဆုံးသတ် Power မတက်လာတော့အောင်အထိ တာဝန်ယူပေးပါလိမ့်မယ်။
ဖန်ဝဲလ် (firmware)အသစ်ပြန်တင်ပေါ့လေ ။

System ချိုးဖျက်ထားပြီ Root ဖောက်ထားပြီလား 
ဒါဆို ဖုန်းတစ်လုံးကို အသုံးပြုသူ စိတ်ကြိုက်လုပ်ခွင့်ရမယ်။
ဖောင့်ချိန်းမယ်... ဖုန်းမယ် အန္တရာယ်ရှိတဲ့ App တွေနဲ့ အပြိုင်ကစားရင်း
ဘားတန်းအလှဆင်မယ် မိမိရဲ့ ကလိလိုစိတ်ရှိတဲ့အတိုင်း
ဘာဆော့ဝဲလ် အပ်ဒိပ်ထွက်ထွက် စိတ်တိုင်းကျ အသုံးပြု ကလိနိုင်မယ် ။

ဖုန်းက မလိုအပ်တဲ့ အမှိုက် ဆော့ဝဲလ်တွေ မျက်စိနောက်စရာ
တရုပ်စာဆော့ဝဲလ်တွေအားလုံး ဖျက်ထုက်ပစ်နိုင်မယ်။
အော်တိုဒေါင်းနဲ့ virus တွေ သတ်နိုင်မယ် ။ မလိုထုက် လိုသွင်းကို
အေးအေးလူလူ လုပ်နိုင်မယ် ။ ဖောင့်အလန်းဆုံးတွေ မရိုးနိုင်အောင် အသုံးပြုရမယ် ။
လှပဆန်းသစ်တဲ့ ဆော့ဝဲလ်လေးတွေကို ချစ်သူသူငယ်ချင်းလက်ဆောင်ဖန်တီးပေးတဲ့နေရာမယ် စိတ်တိုင်းကျ ကလိရင်း ပေးပို့နိုင်တယ် ။

Virus အဝင်တွေကို ချက်ချင်းတားဆီးလို့ရမယ် ။
မလိုပါဘူး Root ကဆိုသူတွေရှိတယ် ။ တချို့ ဖုန်းတွေ လေးသွားဟန်းသွားတတ်တယ်ဆိုကြတယ် မဟုက်ပါဘူး လုံးဝ မဟုက်ပါဘူး ။ Root ရှိနေတဲ့ ဖုန်းဟာ စိတ်တိုင်းကျ သန့်ရှင်းနေအောင်နေလို့ရတာရယ် virus app တွေကို အချိန်မရွေး ဖျက်ထုက်နိုင်တာရယ်ကြောင့် အလွန် ပေါ့ပါးသွက်လက်နေတာပါပဲ ။

Root ကြောင့် ဖုန်းမပျက်စီးပေမဲ့ System ချိုးဖျက်ထားတဲ့ အကျိုးတော့
ခံစားရပါတယ် ။
ဥပမာ ကင်မရာ နည်းနည်း မသိမသာ မှိန်တာမျိုးပေါ့ ။
ဒါကလည်းအခုအခါမှာ ကင်မရာ အဖပ်တွေ စုံလင်တဲ့ဆော့ဝဲလ်တွေနဲ့
အစားထိုးပစ်လို့ရပါတယ်။
ဖုန်းကိုင်ထားရင် Root ဖောက်ပါ ။
အကြောင်းအမျိုးမျိုးကြောင့် ကလိမိတဲ့အခါ virus ဝင်တဲ့အခါ
ဖုန်းဟမ်းတာ ပါဝါသေတာ ဖန်ဝဲလ်ပြန်တင်ရတာတွေ အများစုဟာ
ဖုန်းကို Root or System မချိုးဖျက်ပဲ ကလိလွန် virus ကျွံကုန်တာတွေပါလို့.... ။

အဆင်ပြေပါစေ ။ Myartko Orange

 ဖုန်း​နည်းပညာ​​လေ့လာ​နေသူများ

No comments:

Kyaw Ye နည်းပညာ

Powered by Blogger.